6.12.18

ခွန်းထောက်အစချီ ရဝိန်ဒေါင်းယာဉ်ပျံ

တေးသံရှင်-ဒေါ်မေသန်း

ခွန်းထောက်အစချီ ရဝိန်ဒေါင်းယာဉ်ပျံ.mp3 Download

ရဝိန်ဒေါင်းယာဉ်ပျံ

(မြဝတီမင်းကြီးရေးသော ပတ်ပျိုးကလေး)

ရဝိန်ဒေါင်းယာဉ်ပျံ လယ်နန်းကွန့်စံ
ကျွမ်းသူဆွေးရန် လွမ်းပူစေဖန်

တိမ်ဇော်ရန်းငယ်နှင့် ချိတ်ပန်းငယ်ဆင် ရစ်တန်

နှင်းငွေကျံ လေပြေလောင်းလို့
ညှာညောင်းကြွေလု စုံတခွင်

ဂေါ်ဖီအင်ကြင်းငယ်တို့လေ
ဂေါ်ဖီအင်ကြင်းငယ်တို့လေး

ပွင့်ချင်းငယ် ခိုင်ညှာတံ
ဆင်တော်ရန် ပြည်ပြန်လမ်း

အေးချိုချို နေညိုချမ်းမို့ ခင်တန်းမျှောင်ကွေ့ တောင်ကမ္ဘားယံ

ရွှေမောင်နှံ ချိုးငယ်တို့လေး
ရွှေမောင်နှံ ချိုးငယ်တို့လေး

ဆော်နှိုးငယ်ဘန်ခါခါ သံစာစာကြော်ငြာကြွေး

မိန်ရာသီ ခါတော်ဦးမို့
ဖက်နှုးဆော်လှုံ့ သည်ခါတွင်
လှေဘောင်ဘင် ဟီးပါလို့လေ
လှေဘောင်ဘင် ဟီးပါလို့လေး

မြစ်ကြီးငယ် သောင်ခုံဗွေ
ဘော်စုံရွေ ယိုလေးစွဲ

ပေါက်လဲဝါကြွေ ယာမြေနံ့သင်း
ဆော်ဖန်လေညှင်း သည်ခါချိန်

မိုဃ်းတဲ့မိုးဃ်းဒေဝိန် ဗေဟိန်နတ်စည်စော

ရှုမောဖွယ်ပ သီတာမြကုံးငယ်လေး
စာဓိပ္ပာယ် ရုံးပါလို့ မဆုံးနိုင်
ဆွေးတဲ့ ဆွေးဗျာလှိုင်
စုံမြိုင်တည့်ဗွေလမ်း
ဟေဟေဝန်ဆန်းပါတဲ့
ပင်နန်းငယ်သာပြန့်စည်

(သဖြန်)
ကြငှန်းငယ်တည် တိုင်းဌာနီ ရွှေပြည်တောင်က
ကွာသီခေါင်ဝေး
လုတ်လဲလုတ်လီ မှီလဲငယ် မှီတမှီနှင့်

ရွှေလိပ်ချည် ဟန်ပင်နွဲ့ငယ်မှာ
လှမ်းကဲ့ပလေး။     ။