တေးသံရှင်-ဒေါ်မေသန်း
ရွှေပြည်တော်သည်ပတ်ပျိုး.mp3 Download
ရွှေပြည်တော်သည်
(ပြင်သိင်္ဂါပတ်ပျိုးကလေး)
ရွှေပြည်တော်သည်၊ မောင်မယ်တူညီမြန်း ဘယ်ဝယ်မှန်း
လှမ်းနိုင်ပြီ
မြေညီညီ ခင်းပါလို့
သဲငွေပြန့် ဗိန်း။
လွမ်းပုံကို မဖန်တီးနိုင်ဘူး
မြိုင်ကြီးသေလာငူ
ဖော်ကွာသူ ဆွေးစေဖို့လေး။
ငှက်ကျေးသာရကာ
မြူးပျော်ရှာလို့သာ
ဘာသာနှော။
မြင်စမ်းပါလှည့် မယ်၊ ကေသွယ်သွယ်ကြောင့်သာ
ရေဝယ်စီး။
လွမ်းလေမောင်ကြီး
ယိုလာယီး။
ငှက်ကယ်ငှက်ကယ်
ရွှေချိုးမြည်သံသာ
လွမ်းပုံထွေလှပါ။
ရွှေပြည်တော် ရမ်းရော်မိသေး
ခါဖန်ဖန် ရေးငယ်နှင့်
ဆွေးလေ ဆွေးတယ်ကို။
ဘယ်ဝယ်မြောက်တောင် ကမ်းရွှေတိမ်တောင်
ဗိန်းပိတ်လို့မှောင်။