8.12.18

စိန္ျခဴးၾကာေညာင္(ေခတၲရာတခ်ိဳ)

i

ေတးဆို-ေခတ္တစ္ရာတမာခ်ိဳ
တီး-ေစာင္းဦးဘသန္း
     -ဆိုင္း စိန္ဗိုလ္တင့္
     -စႏၵယား ဂီတလုလင္ေမာင္ကိုကို
စိန္ျခဴးၾကာေညာင္
အိမ္ေရွ႕မင္း အေဆာင္ေတာ္ကို မၾကြလာ၍ လိႈင္ထိပ္ေခါင္တင္ေရးေသာ ေဘာလယ္


စိန္ျခဴးၾကာေညာင္။ လေရာင္-လင္းပါလို႔။
မွန္ေရႊျပဴတင္းရယ္က-မယ္ခုေမွ်ာ္။ ။
သံုးခ်က္စည္ေတာ္။
ရိုက္ေဆာ္ညွင္းတယ္ေလး။ လင္းေရႊၾကက္ေဆာ္။ ။
သဇင္သင္းပါတဲ့-ခင္းျပန္႔ေပၚ။
လာႏိုးငယ္မယ္ေမွ်ာ္လို႔။
တကိုယ္ေတာ္ထူး။
ေထြရာစိတ္ကူးပါလုိ႔။ ဖူးေရႊလက္တင္။
ျဖစ္ေရွးကုန္စင္။
ဘ၀င္တုန္ေဆြးတယ္ေလး-ေတြးၾကံလိုက္ရင္။
သစၥာေတာ္စူးပါေစ့-ဆိုဦးကပင္။
ခင္ေလးကို-ေမာင္ၾကင္ငဲ့။ ရာသက္တြင္ဘဲ။
ေနာင္ေသြမလႊဲပါဘု။ ယံုေတာ့ေမ။
ျပဒုေဆာင္ေဘြ
သီဟာတင့္တယ္ေလး။ စိုးညာျမင့္ေန။
နတ္ေဒ၀ီျဖားေသာ္လဲ တပါးကိုမေသြ။
ရွစ္ျဗဟၼာေျခြပါလို႔။ ေအာင္ေဇယ်ာညႊန္း။
မတ္ေျခြေရြ၀န္းငယ္ႏွင့္။ ေရသြန္းေတာ္ခံ။
မေဟသီမွန္၊ ေဒ၀ီတပ္တယ္ေလး။ ဦးဆယ္ထပ္ရံ။ ။
သည္မယ္တင္စားပါလို႔၊ ၾကင္အားငယ္သန္၊
ခုမ်ားမွာ-တဥာဏ္ႏွင့္၊
မူဟန္ေတာ္ျခား။
ျပဳေတာ္မူအားသူမို႔၊ မ်က္ထားေတာ္မံႈ။
မသိျပင္ျပင္။ အရင္သူစိမ္းတယ္ေလး။
ပိန္းပိတ္လုိ႔ျခံဳ။ ။
(သျဖန္) အခ်စ္ကိုယံု၊ ပံုပါငဲ့အလံုး။ ။
ေရွာင္လႊဲေနေပ်ာ္လို႔၊
မၾကည္ေသာ္- မ်က္ေတာ္ဖံုးတယ္။
ဘယ္တြက္ေၾကာင့္မုန္း။ ။
(ဂီတ၀ီေသာဓနီမူ)


UniCode
***
တေးဆို-ခေတ်တစ်ရာတမာချို
တီး-စောင်းဦးဘသန်း
     -ဆိုင်း စိန်ဗိုလ်တင့်
     -စန္ဒယား ဂီတလုလင်မောင်ကိုကို

စိန်ခြူးကြာညောင်

အိမ်ရှေ့မင်း အဆောင်တော်ကို မကြွလာ၍ လှိုင်ထိပ်ခေါင်တင်ရေးသော ဘောလယ်

 
စိန်ခြူးကြာညောင်။ လရောင်-လင်းပါလို့။
မှန်ရွှေပြူတင်းရယ်က-မယ်ခုမျှော်။ ။
သုံးချက်စည်တော်။
ရိုက်ဆော်ညှင်းတယ်လေး။ လင်းရွှေကြက်ဆော်။ ။
သဇင်သင်းပါတဲ့-ခင်းပြန့်ပေါ်။
လာနိုးငယ်မယ်မျှော်လို့။
တကိုယ်တော်ထူး။
ထွေရာစိတ်ကူးပါလို့။ ဖူးရွှေလက်တင်။
ဖြစ်ရှေးကုန်စင်။
ဘဝင်တုန်ဆွေးတယ်လေး-တွေးကြံလိုက်ရင်။
သစ္စာတော်စူးပါစေ့-ဆိုဦးကပင်။
ခင်လေးကို-မောင်ကြင်ငဲ့။ ရာသက်တွင်ဘဲ။
နောင်သွေမလွှဲပါဘု။ ယုံတော့မေ။
ပြဒုဆောင်ဘွေ
သီဟာတင့်တယ်လေး။ စိုးညာမြင့်နေ။
နတ်ဒေဝီဖြားသော်လဲ တပါးကိုမသွေ။
ရှစ်ဗြဟ္မာခြွေပါလို့။ အောင်ဇေယျာညွှန်း။
မတ်ခြွေရွေဝန်းငယ်နှင့်။ ရေသွန်းတော်ခံ။
မဟေသီမှန်၊ ဒေဝီတပ်တယ်လေး။ ဦးဆယ်ထပ်ရံ။ ။
သည်မယ်တင်စားပါလို့၊ ကြင်အားငယ်သန်၊
ခုများမှာ-တဉာဏ်နှင့်၊
မူဟန်တော်ခြား။
ပြုတော်မူအားသူမို့၊ မျက်ထားတော်မှုံ။
မသိပြင်ပြင်။ အရင်သူစိမ်းတယ်လေး။
ပိန်းပိတ်လို့ခြုံ။ ။

(သဖြန်) အချစ်ကိုယုံ၊ ပုံပါငဲ့အလုံး။ ။
ရှောင်လွှဲနေပျော်လို့၊
မကြည်သော်- မျက်တော်ဖုံးတယ်။
ဘယ်တွက်ကြောင့်မုန်း။ ။

(ဂီတဝီသောဓနီမူ)