တေးသံရှင်-ဒေါ်မေသန်း
နန်းဘုံသီဟာဗွေ ယိုးဒယား.mp3 Download
နန်းဘုံသီဟာဘွေ(ယိုးဒယား-ကပီ)
*******
(နန်းဘုံသီဟာဘွေ၊ သဉ္ဇာညောင်ရွှေ ရွှန်းဝေထိန်ပြောင်
ညီနောင်ဆက်ကာ ပိုင်စံစိုးတော့သာ)၂။ (အို ဆင်ဖြူဆဒ္ဒန်
ဆက်ပြန်လို့ငြား၊ မရှားလိုရာ၊ ဘုန်းတော်တေဇာ ဒေဝါနတ်မောင်၊
ရွက်ဆောင်ကျိုးတော်သာ)၂။ [(ဘုန်းတော်ကြီး ထီးတရာ၊
စကြာစိုးတယ်၊ မိုးဗြဟ္မာ၊)၂။ (ထူးထွေလာညောင်း ကောင်းခြီးညာ၊)၂။
ဖူးရွှေစာငယ်မှာ၊ ဒေဝါနှစ်ထောင်း၊ ရှစ်သောင်းမျိုးနွယ်၊ နတ်ကယ်မူရာ၊
သူဇာဖြူပြာ ကြော့ကြော့ရှင်းတယ်၊ သတင်းကြိုင်လှိုင်စွာ]၂။x
[ယိုးဒယား-ကပီ ဆာတမာ နှိုင်းစံစရာ အမည်နော်မတူရခြား၊
မျိုးအများ အပြည်ပြည်အရွာရွာ၊ တိုင်းမြန်နဂရာ၊ ပြည်ရွာနယ်မြို့
တလွှား။
(စည်စည်ကားကား၊ များစွာ့မြတ်အသရေ၊ အလားပ
နတ်ပြည်)၂။ ဝတိံနန်းလို ထူးဆန်းသာဘိချေ]၂။ ။