တေးသံရှင်-ဒေါ်မေသန်း
စိန်ချယ်ခြူးသန်းပတ်ပျိုး.mp3 Download
စိန်ခြယ်ခြူးသန်း(မျှော်တော်ယောင် ပတ်ပျိုးလတ်)
**********
စိန်ခြယ်ခြူးသန်း၊ရေနန်းဘုံလယ်၊ပျော်စမ္ပာယ်။
မျိုးနေနတ်ကယ်။သေးသေးသွယ်သွယ်။ ယဉ်မှုးရွေများမယ်။
အို- လှနတ်ကယ်၊ ကေသွယ်ကြော့ရွှန်း၊
သွန်းရွှေရုပ်ကယ်။
အို-ခင်မယ်၊ လွမ်းမဆန့်နိုင်ဘူး။
ပျိုကြင်ဘွယ် ကျွမ်းကမန့်သာပ။
လွမ်းမဆန့် ခွေယိမ်းမူး။
ရေနှယ်သာဦး ခြူးစိန်နွဲ့ရံ
ဟေမန်ထွေဟန် လေပြန်လောင်း
ရွှေလျှံမောင်းလို့ ဒေါင်းယာဉ်သာ
ဂေါရာစကြာ ယွန်းလုဖလ်မင်း
ဂေါရာစကြာ ယွန်းလုဖလ်မင်း။ ။
ပုဏ္ဏမာ ရုံလွှာခင်း
ဘုံသာလင်းလို့ ဝင်းပြေပြေ
သပြေဒီပါ ဧမြလေ
သပြေဒီပါ ဧမြလေ။ ။
ကြေးသွန်းနိတုံ ဆင်းရွှေမှုံ
ယမုံသီတာ ဧရာလမ်း
ခွေကာပန်းရ လွမ်းမပြေ
မယ့်ကိုသေစေ ညွှန်းရော့သလား
မယ့်ကိုသေစေ ညွှန်းရော့သလား။ ။
(ရတု) ထားကမ္ဗုလည်း။ ကြွေလုသည်းဆိုင်။ မတတ်နိုင်ခဲ့
သူနိုင်ငါမင်း၊ ပြုတော့သည်။
ပြဒုယဉ်သာ၊ တသဉ္စာမှာ။
ထင်ရာမျှော်ကိုး၊ ရှိတော့သည်။
ှုကြွေလုစိမ်းကား၊ တိမ်းကပါးနှင့်။
ကြိမ်းဝါးမျက်ငြို၊ ထဲမပို။
ရန်ကိုမြွက်လှိုင်း၊ ဘက်မနှိုင်းမျှ။
စက်တိုင်းမပျော်လှလေဘူး။
ခြူးစိန်နွဲ့ရှင်၊ ရှစ်ထီးဘုံပလ္လင်နှင့်
နေ့နေ့စဉ်ပေါင်း
သောင်ဗွေပြန့်မှာ မျက်ကိုးရံကာလို့
ရေသီတာယမုံနန်းမှာ
ထုံပန်းနံ့မွှေး။
ရေးရွှေရုပ် နတ်တူနှယ်။
စက်ရာဝယ်မြင်လာစမ်း
ပူဝန်းဖြေမပြေ၊
ငယ်ကြင်ဆွေကြောင့်
တွေဝေမှား။
(သဖြန်)
လားစက်ပျော်ပေါင် ၊မျှော်ကိုးထင်ယောင်ယောင်နှင့်
သည်ဆောင်ကြငှန်း၊ နန်းကြော့ကေကေ။
ဖျော်လဲပျော်တော်ရွေနှင့်၊
သော်မော်ဘွေ၊ ဘယ်စက်အုံးငယ်မှာ၊
ဘုန်းစံသည့်မှန်း။ ။